Followers
Thursday, May 22, 2014
Window 7 ရဲ့ Boot is missing ပြသနာများ ဖြေရှင်းနည်း
အဲဒီလို အပေါ်ကပုံလေးနဲ့ ပြသနာဖြေရှင်းနည်းကို ရှင်းပြပေးချင်ပါတယ်..သိပြီးသားမိတ်ဆွေကတော့ sorry ပဲဗျာ...တကယ်မသိသေးတဲ့ မိတ်ဆွေ၊သူငယ်ချင်းများအတွက် ကျနော်ရည်ရွယ်ပြီး ရှင်းပြပေးတာပါနော်...
ကဲ..အရင်စလိုက်ကြရအောင်....
အရင်ဆုံး မိမိရဲ့ဝင်းဒိုးခွေကို DVD/CD Drive ထဲမှာ ထည့်ပေးလိုက်ပါ.boot ထဲကို ဝင်ပြီး CD/DVD Drive
ကို ရွှေးလိုက်ပါ ပြီးရင် save ပေးလိုက်ပါ
အပေါ်က ပုံလေးပေါ်လာရင် မိမိရဲ့ keyboard ထဲက တစ်ခုခု နှိပ်ပေးလိုက်ပါ..ဥပမာ(enter )ခေါက်လိုက်ပါ
Next ကို နှိပ်ပေးလိုက်ပါ
အပေါ်ပုံရဲ့ ဘယ်ဖက်ထောင့်မှာ မြှားအနီလေးနဲ့ ပြထားတဲ့ repair your computer ကို နှိပ်ပေးလိုက်ပါ
ခဏလေး မိနစ်အနည်းငယ် စောင့်ပေးလိုက်ပါ
ဝင်းဒိုး၇ ကို ရွှေးပြီး Next ကို ထပ်နှိပ်ပေးလိုက်ပါ
command prompt ကို ရွှေးပေးလိုက်ပါ
အောက်မှာ ပေးထားတဲ့ စာသားလေးကို prompt box ထဲမှာ ရေးထည့်ပေးလိုက်ပါ
bootrec /fixmbr ရေးထည့်ပြီးရင် Enter တစ်ချက်ခေါက်ပေးလိုက်ပါ
bootrec /fixboot နောက်တစ်ခါ ထည့်ပေးလိုက်ပါ ပြီးရင် Enter ခေါက်ပေးလိုက်ပါ
bootrec /rebuildbcd တစ်ခါပြန်ပြီးတော့ ထည့်ပေးလိုက်ပါ ပြီးရင် Enter ခေါက်ပေးလိုက်ပါ
အားလုံးပြီးသွားလို့ ရှိရင်တော့ exit ကို ရေးထည့်ပြီး Dos commond ထွက်ဖို့အတွက် Enter ခေါက်ပေးလိုက်ပေါ့နော်
မိမိစက်ကို Restart ချပေးလိုက်ပါ ပြီးရင် အားလုံးပြန်ကောင်းသွားပါလိမ့်မယ်......
အားလုံးပဲ လုပ်တတ်ကိုင်တတ်ပါစေ......
ရေးသားသူ ...ကျုံဒိုးသားလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment